Pages

Pages

ကျောက်ဖြူမြို့တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိူဆိုဂုဏ်ပြုသောအားဖြင့် ကုတင်(၂၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံးကြီး၌ စုပေါင်းသွေးလှူဒါန်း






MNP ၊  စက်တင်ဘာ ၂၅

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၃၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များက ကုတင်(၂၀၀)ဆံ့ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်၌ ယနေ့ နံနက်(၁၀)နာရီတွင် စုပေါင်းသွေးလှူဒါန်း ခဲ့ကြသည်။


ရှေးဦးစွာ စုပေါင်းသွေးလှူဒါန်းမည့် ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုများကို ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးရှိ ဓာတ်ခွဲဌာနမှတာဝန်ရှိသူများက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအမျိုးစား ခွဲ‌ပေးခဲ့ပြီး အရာရှိ၊ အခြားအဆင့်နှင့်တပ်ဖွဲ့ဝင်(၂၈)ဦး၊ မိသားစုဝင် (၁၅) ဦး စုစုပေါင်း(၄၃)ဦးတို့က  (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဖြူခရိုင် ပြည်သူ့ ဆေးရုံကြီးရှိ သွေးလှူဘဏ်၌ လိုအပ်လျက်ရှိသော သွေးအုပ်စုများကို ဦးစားပေး လှူဒါန်းခဲ့ကြသည်။ 


ထိုသို့ စုပေါင်းသွေးလှူဒါန်းနေမှုကို  အမှတ်(၃၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ယာယီ ဒုတိယရဲမှူးကြီး မျိုးမြင့် နှင့် ယာယီ ရဲမှူး ရဲအောင် တို့က  ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြပြီး တပ်ဖွဲ့ဝင်များအား ကြက်ဥ၊ အချိုရည်နှင့် ကွေကာအထုပ်များစသော အဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ ကြောင်းသိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment