Pages

Pages

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများလက်ဝယ်အရောက် စားသုံးဆီများဈေးနှုန်း သက်သာစွာဖြင့် လာရောက်ရောင်း ချပေး

 



MNP - စက်တင်ဘာ  ၂၅


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ (၂၈)ရပ်ကွက်၊ အမှတ် (၃)ဈေးတွင်  ယမန်နေ့‌နံနက်ပိုင်းက ပြည်သူများ လက်ဝယ်အရောက် စားသုံးဆီများ ဈေးနှုန်း သက်သာစွာဖြင့်လာရောက်ရောင်း ချပေးခဲ့ကြောင်းသိရသည်။


ပြည်သူများဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက် စားသုံးဆီများကို မြန်မာနိုင်ငံဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း၏ ကြီးကြပ်မှုဖြင့် AGRI ONE TRADING Co,Ltd မှ Mobile Market ဈေးကားဖြင့် လာရောက်ရောင်းချပေးခြင်းဖြစ်ပြီး ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက်  ပြင်ပပေါက်ဈေးများထက် ပိုမိုသက်သာသော သန့်ရှင်းလတ်ဆတ်သော စားသုံးဆီများအား တစ်ပိဿာလျင် ၄၉၀၀/- ကျပ်နှုန်း တစ်ဦးလျင် တစ်ပိဿာ နှုန်းဖြင့်  ပိဿာ ၁၀၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါဈေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လာရောက်ကြီးကြပ်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - မြင့်မြင့်ရီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment