MNP ၊ စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ အခြေခံပြည်သူများသို့ တန်ဖိုးသင့် စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းကို ယနေ့ နံနက်(၇)နာရီတွင် ပန်းတောင်း - တောင်ကုတ်လမ်း ၊ မြို့နယ်လမ်းဦးစီးဌာနရုံးရှေ့၌ဆောင်ရွက်ခဲ့သည်။
ထိုသို့အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို တောင်ကုတ်တပ်နယ်မှ ဦးဆောင်၍တပ်ရင်းတပ်ဖွဲ့ဝင်များနှင့်အတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ပူးပေါင်းပါဝင်ကာ ဝက်သား၊ ကြက်ဥ၊ ခေါက်ဆွဲ၊ ကြာဇံ၊ ငံပြာရည် နှင့် ဟင်းသီး၊ ဟင်းရွက်များ ကိုရောင်းချပေးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
အခြေခံစားသောက်ကုန်နှင့် ဟင်းသီး၊ ဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် ဈေးဝယ်လာသူများဖြင့်စည်ကားခဲ့ပြီး ဈေးဝယ်လာသူများနှင့် လမ်းသွား၊ လမ်းလာပြည်သူများအား Mask များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment