ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဒုတိယနေ့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဒုတိယနေ့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး






MNP ၊ စက်တင်ဘာ ၁၃

(၂၃)ကြိမ်မြောက် ရခိုင်ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပလျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့ဝင်ပညာရှင်များ၊ ပြိုင်ပွဲဝင်များ၊ အနုပညာဝါသနာရှင် များနှင့် ဖိတ်ကြားထားသူများ လာရောက်ကြည့်ရှုအားပေးကြသည်။ 

ရခိုင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ တီးပြိုင်ပွဲ ဒုတိယနေ့ပြိုင်တွင် နံနက်ပိုင်း၌ အဆို (ခေတ်ဟောင်း/ ကာလပေါ်) ဘာသာရပ်အဖြစ် အခြေခံပညာအဆင့် အသက် ၁၀ - ၁၅နှစ် အမျိုးသား၊ အမျိုးသမီး၊ အသက် ၁၅ - ၂၀ နှစ်၊ အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲဝင်များ ပါဝင်ယှဉ်လျက်ရှိပြီး နေ့ လယ်ပိုင်းတွင် အဆို(ခေတ်ဟောင်း/ ကာလပေါ်) ဘာသာရပ်အဖြစ် အဆင့်မြင့်ပညာအဆင့် အမျိုး သားနှင့် အမျိုးသမီးပြိုင်ပွဲဝင်များ၊ ဝါသနာရှင်အဆင့်(ဒုတိယ) အမျိုးသမီးနှင့် ဝါသာနာရှင်အဆင့် (ပထမ - ဒုတိယ) အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ စုစုပေါင်း အဆို ပြိုင်ပွဲ ဝင် ၄၆ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။

ပြိုင်ပွဲဝင်များယှဉ်ပြိုင်နေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များလာရောက် ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။

ရခိုင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ တီးပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ ထိကျင်းပလျက်ရှိရာ အဆို၊ အက၊ တီးပြိုင်ပွဲများကို စစ်တွေမြို့ဦးဥတ္တမခန်းမ၌ လည်းကောင်း၊ အရေး ပြိုင်ပွဲကို စစ်တွေမြို့၊ ယဉ်ကျေးမှုပြတိုက်၌လည်းကောင်း ကျင်းပလျက်ရှိပြီး ပြိုင်ပွဲတွင် ရခိုင်ပြည်နယ် အတွင်းရှိ ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင် (၁၃၆)ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်အသီးသီးအလိုက် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)