သနပ်ပင်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သနပ်ပင်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်




MNP - စက်တင်ဘာ  ၂၉


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊  ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့က ရစ်ကံလေးကျေးရွာအုပ်စု၊ ကမာခနိမ်ကျေးရွာ၊ တောဘုတ်စုကျေးရွာနှင့် နေ့လည်(၁)နာရီအချိန်တွင် ကမာစဲကျေးရွာ၊ အနီးကိုက်ကျေးရွာ၊ လှာပကစ်ကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်   စစ်ကြောင်း(၅)ကြောင်းမှ အဖွဲ့ခေါင်းဆောင်များ၊   ဌာနဆိုင်ရာတာဝန်ရှိသူများက  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုအခြေအနေများ၊ ကဏ္ဍအလိုက်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေမှုများကို ဒေသခံပြည်သူ့များနှင့် တွေ့ဆုံ၍  ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။


အဆိုပါစစ်ကြောင်းကြီး(၅)ကြောင်းမှ တာဝန်ရှိသူတို့သည် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် ဥပဒေ၊နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်၊ ကျေးရွာနေပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်သွားရန်၊ ကျေးရွာနေပြည်သူများအနေဖြင့် ကောလဟာလသတင်းအမှားများကို မယုံကြည်ကြပဲ သတင်းအမှန်များကို လေ့လာဖတ်ရှုကြရန်၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုအကျိုးပြုလုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ပေးကြရန် ချပြရှင်းလင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ စာသင်ကျောင်းများ၌ ဆရာ/ ဆရာမများ၊ စာသင်ဆောင်လိုအပ်ချက်များ ညှိနှိုင်းဖြေရှင်းပေးခြင်း၊  ဒေသခံပြည်သူ(၄၈၀)ဦးအား ကိုဗစ်-၁၉ ရောဂါကွယ်ဆေး Booster Dose ထိုးနှံပေးခြင်း၊ ပန်းခင်းစီမံချက်(၂)အနေဖြင့် အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ ခွေးရူးပြန်‌ရောဂါနှင့်ပတ်သက်၍ရှင်းလင်းခြင်း၊ ဆပ်ပြာပြုလုပ်နည်းသရုပ်ပြခြင်း၊  လယ်ယာမြေစီမံခန့်ခွဲရေး ပုံစံ(၇)နှင့်ပတ်သက်၍ ရှင်းလင်းခြင်းများကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများအပေါ် ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ပြီး‌ ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုများ လှူဒါန်းခဲ့ကြောင်းသိရပါသည်။


သတင်း - လှမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)