ညောင်ဦးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



MNP - စက်တင်ဘာ  ၂၁


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့်ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း စသည့်စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲ အချိန်က မြေနဲလေးကျေးရွာသို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ  ပန်းခင်း(၂)စီမံချက်ဖြင့် အိမ်ထောင်စုဇယားများပြုလုပ်ပေးခြင်းနှင့် မှတ်ပုံတင်များပြုလုပ်ပေးခြင်း၊ တိုင်းရင်းဆေးဦးစီးဌာနမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြပြီး မြေနဲလေးကျေးရွာ ဘက်စုံခန်းမတွင် ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးကြရာ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များက နယ်မြေဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအကြောင်းအရာများ ဆွေးနွေးဟောပြောကြားကြသည်။


၎င်းနောက် ဒေသခံပြည်သူများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းကောင်းမွန်စေရေး၊ အခြေခံပညာကျောင်းများတွင် ဆရာ/ဆရာမထပ်မံခန့်ထားပေးနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ကျောင်းစာကြည့်တိုက်များတွင် စာအုပ်စာပေများ ထောက်ပံ့ပေးနိုင်ရေးအကြောင်းအရာများအား မေးမြန်းကြရာသက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာများမှ မေးမြန်းသည့်ကဏ္ဍအလိုက်ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်မှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။


ဒေသဖွံ့ဖြိုးရေး စစ်ကြောင်းစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြေနဲလေးကျေးရွာပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)