Pages

Pages

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒဂုံတောင်ပညာရေးစစ်ကြောင်းတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP - စက်တင်ဘာ  ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒဂုံတောင်ပညာရေးစစ်ကြောင်းတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၂:၀၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးနေမျိုးအောင်က ပညာရေးစစ်ကြောင်း၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပညာရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူးက ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို အပြန်အလှန်ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရသည်။


အဆိုပါပညာရေးစစ်ကြောင်းအနေဖြင့် မြို့နယ်အတွင်းရှိ ကလေးငယ်များ  အသိပညာဗဟုသုတရရှိစေရေးနှင့် ကျန်းမာရေးအသိပညာပေးမှုစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment