Pages

Pages

အမ်းမြို့၌ မြေပြင်လူဦးရေစာရင်းဆိုင် ရာအချက်အလက်များ ပြည့်စုံမှန်ကန်ရေး ကြီးကြပ်ရေးကော်မတီမှ တစ်အိမ် တက် တစ်အိမ်ဆင်းကွင်းဆင်းတိုက်ဆိုင်စစ်ဆေး



MNP ၊ စက်တင်ဘာလ ၂၈

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး အတွက်အခြေခံလူဦးရေစာရင်း ၆၆/၆ နှင့် မြေပြင်လူဦးရေအား တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က အမှတ် (၃) ဈေးရပ်ကွက်၊ ပဲပဒုံကျေး ရွာ၌ဆောင် ရွက်ခဲ့သည်။ 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြီး ကြပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များဖြစ်သည့် မြိုနယ်ထွေ‌ ထွေအုပ်‌ချုပ်ရေးဦးဌာနမှ တာဝန်ရှိသူများ ၊ လူဝင်မှုးကြီးကြပ်‌ ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊မြို့ နယ် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူ များ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများပူးပေါင်း အဖွဲ့ဖြင့်  အခြေခံ လူဦးရေစာရင်းအား မှန်ကန်စေရေးအတွက် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းကို အမှတ်( ၃)ဈေးရပ်ကွက် ပဲပဒုံ ၌လည်းကောင်း၊ ဆက်လက်ပြီး လေယာဉ်ကွင်းရပ်ကွက်၌လည်းကောင်း တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ 


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment