ပင်လုံမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ယူရီးယားဓာတ်မြေသြဇာဖြန့်ဖြူးပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လုံမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ယူရီးယားဓာတ်မြေသြဇာဖြန့်ဖြူးပေးအပ်ပွဲကျင်းပ



MNP - စက်တင်ဘာ   ၃၀


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ယူရီးယားဓာတ်မြေသြဇာ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနား ကို ယမန်နေ့နံနက် (၀၉:၀၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန လွိုင်လင်ခရိုင် ခရိုင်ဦးစီးမှူးဦးမိုးနိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပင်လုံမြို့ဦးစီးမှူးဦးကျော်စိုးမိုးမှ ပင်လုံမြို့နယ်အတွင်း နေကြာစိုက်ပျိုးလျက် ရှိသော တောင်သူများကို နေကြာစိုက်ပျိုးမှု လျာထားချက်ဧက ၄၃၄ ဧက ပြည့်မီရန်နှင့် စိုက်ပျိုးပြီးစီးမှုအတွက် ဓာတ်မြေသြဇာ ဖြန့်ဖြူးပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပေးခဲ့ပါသည်။


ဆက်လက်၍ ယူရီးယားဓာတ်မြေသြဇာများကို ခရိုင်ဦးစီးမှူးဦးမိုးနိုင်နှင့် ပင်လုံမြို့ဦးစီးမှူး ဦးကျော်စိုးမိုးတို့က တက်ရောက်လာကြသည့် ကျေးရွာအုပ်စု(၇)စုကို ယူရီးယား ဓာတ်မြေသြဇာများ အသီးသီးပေးအပ်ခဲ့ပြီးနောက် တောင်သူများကိုယ်စား တောင်သူ တစ်ဦးမှကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)