ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးသည် ပန်းတနော်မြို့ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေး အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးသည် ပန်းတနော်မြို့ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေး အခမ်းအနားသို့ တက်ရောက်

 




MNP - စက်တင်ဘာ   ၁၇


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်သည် ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့သို့ရောက်ရှိပြီး အ.ထ.က(၁)မြတ်ပညာခန်းမ၌ တိုင်ရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားသို့တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနိုင်ဝင်းမှ မိတ်ဆက်အမှာစကားပြောကြားခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနတိုင်းညွှန်မှူး  ဒေါ်နော်သာဝါးမှ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် လူမှုရေးပင်စင်များအကြောင်းအရာများ ရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံ ဒုညွှန်ကြားရေးမှူး ဒေါ်စန်းမှ တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့် တိုင်းရင်းသားလူမျိုးများ၏  အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနည်းဥပဒေများပါ အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းနောနောင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားနှင့်တိုင်းရင်းသားအခွင့်အရေးများ၊ အမုန်းစကားနှင့် လူမျိုးပြုန်းစေမှုကို တားဆီးရေးသိရှိ လိုက်နာဆောင်ရွက်နိုင်ရန်အချက်များ ရှင်းလင်းပြောကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုဦးစီးမှူး ဦးရဲကိုနိုင်မှ TA/LA ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ပြည်ဖြိုးကျေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)