ငါးသိုင်းချောင်းမြို့၌ ပလတ်စတစ်အိတ် သုံးစွဲနေမှုများအား လိုက်လံစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့၌ ပလတ်စတစ်အိတ် သုံးစွဲနေမှုများအား လိုက်လံစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

 



MNP - စက်တင်ဘာ   ၁၈


ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့အဖြစ် သတ်မှတ်ထားရာ ပလတ်စတစ်အိတ်သုံးစွဲမှု ရှိ/မရှိကို ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်တို့ ဦးဆောင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်း၌ လိုက်လံစစ်ဆေးခဲ့ကြပါသည်။


ပြည်သူများအနေဖြင့် ပလတ်စတစ်အိတ်သုံးစွဲမှုကို ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ရက်လျော့ချသုံးစွဲခြင်းကြောင့် ကျန်းမာကြံ့ခိုင်စေခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းနိုင်ခြင်းနှင့် မြို့ရွာသန့်ရှင်းသာယာစေမည်ဖြစ်ပါကြောင်း။ ထို့ကြောင့် အပတ်စဉ်တနင်္ဂနွေနေ့များ၌ ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူနှင့် အခြားပလတ်စတစ် အစားထိုးပစ္စည်းများကိုသာ အစားထိုး အသုံးပြုခြင်းဖြင့် ပလတ်စတစ်အိတ်သုံးစွဲမှုကို တစ်ပတ်လျှင် တစ်ရက်လျော့ချသွားကြရန် လိုအပ်ပါကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် အိမ်အပြင်သို့ သွားလာသည့်အခါတိုင်း နှာခေါင်းစည်းMaskများကို စနစ်တကျတပ်ဆင်ကြရန် တိုက်တွန်းနိုးဆော်ခဲ့ပြီး ပြည်သူများအား နှာခေါင်းစည်း Mask များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိခဲ့ပါသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)