ရက်သတ္တပတ်အတွင်း တရားမဝင် ကုန်စည်ကူးသန်းမှု ၁၃မှု ခန့်မှန်းတန်ဖိုး ၃၀၅ သန်းကျော်ဖိုး ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရက်သတ္တပတ်အတွင်း တရားမဝင် ကုန်စည်ကူးသန်းမှု ၁၃မှု ခန့်မှန်းတန်ဖိုး ၃၀၅ သန်းကျော်ဖိုး ဖမ်းဆီးရမိ



MNP ၊ စက်တင်ဘာ ၁၉

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာတွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက် ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ် ကုန်လှောင်ရုံ၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာ လွှာ(ID)တွင် ကြေညာထားခြင်း မရှိသော Button punching Machine နှင့် CMP Accessories များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၃၃၀,၃၀၀)ကို လည်းကောင်း၊ စက်တင်ဘာ ၁၅ ရက်တွင် အေးရှားဝေါလ်ကုန် သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာ ထားသည်ထက် ပိုမိုပါရှိလာသော ဖြည့်စွက်ဆေးဝါးများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၆,၃၆၄,၅၃၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၅,၆၉၄,၈၃၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။


စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေး ရေးစခန်း၌ တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် သုံးစီးပေါ်မှ သွင်းကုန် ကြေညာလွှာ ID တွင် ကြေညာ ထားခြင်း မရှိသော Air Conditioner များ၊ ယန္တရားအပို ပစ္စည်းများနှင့် ကြွေပြားချပ်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁,၃၄၈,၀၅၈)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ် သုံးစီးနှင့် နောက်တွဲယာဉ် နှစ်တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၁,၃၄၈,၀၅၈)ကို သိမ်းဆည်းရ မိခဲ့ပြီး(အပေါ်ပုံ) အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။


စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သက်ဆိုင်ရာမြို့နယ် သစ်တောဦးစီးဌာနများ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တပ်ကုန်းမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်များအတွင်း တရားမဝင် သစ်မျိုးစုံ ၆ ဒသမ ၇၈၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၄,၆၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။


စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က မော်တော်ယာဉ် နှစ်စီး ပေါ်မှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော ဆပ်ပြာမှုန့်ထုပ်များနှင့် ကြွေပြား ချပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၄၀၀,၀၀၀)ကို လည်းကောင်း၊ မြဝတီကုန်သွယ်ရေးဇုန်၌ တာဝန် ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ က မော်တော်ယာဉ် တစ်စီးပေါ်မှ Toilet Commode များ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၅,၇၂၂,၅၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉,၁၂၂,၅၀၀) သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။


စက်တင်ဘာ ၁၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင် သော စစ်ဆေးရေးအဖွဲ့က စစ်ကိုင်းမြို့နယ် ကံတလူလျှပ်စစ် ရုံးအနီး၌ ကျွန်းမှန်ပြတင်းချပ်များ ၁၃ ဒသမ ၃၀၀၁တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၇၇၈,၀၆၆)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။


သို့ဖြစ်ပါ၍ စက်တင်ဘာလ ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၅,၁၈၈,၀၉၄) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရသည်။


Myanmar National Post


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)