ရေဖြူမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲအတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေဖြူမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲအတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း



MNP - စက်တင်ဘာ   ၁၃


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ လူမှုဂရုဏာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ရေဖြူမြို့နယ် ကြက်ခြေနီ အသင်းခွဲသို့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ယမန်နေ့ နေ့လယ် (၁) နာရီက ရေဖြူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံအဟောင်း  အစည်းအဝေးခန်းမ၌ ပေးအပ်ကြောင်း သိရသည်။


အဆိုပါ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ရေဖြူမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမြင့်ကပေးအပ်ပြီး ရေဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ရေဖြူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်သီတာတင်တို့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။


အဆိုပါ ရေဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အရေးပေါ်လူနာတင်ယာဉ်တွင် အသုံးပြုရန်ပေးအပ်သော ကျန်းမာရေး အထောက်အကူပြုပစ္စည်းများမှာ လက်သန့်ဆေးရည် (၁၀) ဘူး၊ Mask (၁၀) ထုတ်၊ အရက်ပျံ (၅) ဘူး၊ လက်အိတ် (၅) ဘူး၊ ဂွမ်းလိပ်အကြီး (၅)၊ ဓာတ်ဆားထုတ် (၃) ဖာတို့ဖြစ်ကြောင်း သိရသည်။


သတင်း - ထွန်းလင်းဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)