မင်္ဂလာဒုံမြို့နယ်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများစုပေါင်း၍ မြို့သန့်ရှင်းသပ်ရပ်သာယာလှပစေရေး ရည်ရွယ်ချက်ဖြင့် နေ့စဉ်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများစုပေါင်း၍ မြို့သန့်ရှင်းသပ်ရပ်သာယာလှပစေရေး ရည်ရွယ်ချက်ဖြင့် နေ့စဉ်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်



MNP - စက်တင်ဘာ  ၂၇


ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့နံနက် (၇)နာရီအချိန် က မြို့နယ်စည်ပင်သာယာရေးကော်မတီဝန်ထမ်းများ စုပေါင်း၍ မြို့သန့်ရှင်းသပ်ရပ်သာယာလှပစေရေးအတွက် ပြည်လမ်းတွင်အမှိုက်၊ သဲ၊ ဂဲများအားစုဖွဲ့ ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။


အဆိုပါ နိုင်ငံရေးမှတ်တိုင်အနီးတံတား Guard Rail နှင့် ကတ်တုံးများအား သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ မှော်ဘီလမ်းတွင် မညီညာဖြစ်နေသည့် ချိုင့်ခွက်များအား ကတ္တရာဖြင့် လမ်းပေါက်ဖာခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ၃/ခရပ်ကွက် (၆)လမ်းတွင် ရေမြောင်းရှင်းလင်းဆောင်ရွက်ခြင်း၊ ခရေပင်လမ်း တလျောက်ရှိချုံ၊ နွယ်၊ မြက်နှင့် အရိပ်ရအပင်များအား အောက်သားတက်ရှင်းလင်း ဆောင်ရွက်ခြင်းလုပ်ငန်းများကို စုစုပေါင်းဝန်ထမ်းအင်အား (၅၃)ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - မြတ်မွန်ခင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)