အ.ထ.က(ပုဏ္ဏားကျွန်း)၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ(အခမဲ့)ပြုလုပ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အ.ထ.က(ပုဏ္ဏားကျွန်း)၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ(အခမဲ့)ပြုလုပ်ပေး





MNP ၊ စက်တင်ဘာ ၁၂

ရခိုင်ပြည်နယ်၊  ပုဏ္ဏားကျွန်းမြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစီစစ်ရေးကတ်ပြားများ(အခမဲ့)ပြုလုပ်ပေးခြင်းကို ယမန်နေ့၊ နေ့လည်ပိုင်းက ပုဏ္ဏားကျွန်းမြို့ အခြေခံ

ပညာအထက်တန်းကျောင်း၌ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။ 


ထိုသို့ဆောင်ရွက်ပေးနေမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ ဥက္ကဋ္ဌ ဦးလှရွှေနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးကြပြီး၊  မြို့နယ်ဦးစီးမှူး ဦးထွန်းအေးက  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက  “ပန်းခင်းစီမံချက်အဆင့်(၂)” ဖြင့်  ၂၀၂၂ ခုနှစ်၊ သြဂုတ်လ(၁)ရက်မှ  ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၃၁)ရက် နေ့အထိ၊   အသက် ၁၀ နှစ်ပြည့်ပြီးသူများနှင့်အသက် ၁၈ နှစ်ပြည့်လာမည့်သူများကို  နိုင်ငံသားစီစစ်ရေး ကတ်ပြားများထုတ်ပေးလျက်ရှိကြောင်း၊ စီမံချက်ကာလအတွင်း နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးမှုမရှိရအောင် နိုင်ငံသားတိုင်း ရယူပိုင်ဆိုင်သင့်သည့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှု အခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထိုနောက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရာတွင် ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းမှုမှန်ကန်စေရေးအတွက် ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းအေးနှင့်သက်ဆိုင်ရာ ဆရာ/မတို့ကလည်း လိုအပ်သည်တို့ကို ဖြည့်စွက်ကူညီဆောင်ရွက်ပေးခဲ့ကြပြီး၊ အသက် ၁၆ နှစ်အောက် ကျောင်းသား/သူ ၄၉ ဦးနှင့် အသက် ၁၆ နှစ်အထက် ကျောင်းသား/သူ ၄၆ ဦး၊ စုစုပေါင်း(၉၅)ဦးတို့အတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစီစစ်ရေးကတ်ပြားများ(အခမဲ့)ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)