MNP - စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေတွင် ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်မှ နယ်မြေဒေသ အေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် လုပ်ဆောင်ရမည့် တာဝန်များနှင့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်းနှင့် မြို့သန့်ရှင်းသာယာလှပစေရေး ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများမှ မိမိတို့ဌာနအနေဖြင့် လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - ဟိန်းထက်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment