အလုံမြို့နယ်၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက်ရောင်းချပေး




MNP - စက်တင်ဘာ   ၁၃


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ပြည်သူများအခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ်၊ ကရင်ခြံရပ်ကွက်နေ အခြေခံလက်လုပ်လက်စားပြည်သူများအား အခြေခံစားသောက်ကုန်များကို  လက်ဝယ်အရောက် ရောင်းချေပေးခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချရာတွင်  ဆန်တစ်ပြည်လျှင် ၁၆၀၀/-ကျပ်၊  စားဆီတစ်ပိသာလျှင် ၅၃၀၀/-ကျပ်၊  ကြက်ဥတစ်လုံးလျှင် ၁၇၅/-ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ ပြည်၊ ဆီ ၅၀ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံးစီတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့တွင် ဆန် ၂၄ ပြည်ဝင် ဆန်အိတ် ၅ အိတ်၊ ဆီ ၁၁၀ ပိသာ၊ ကြက်ဥအလုံး ၁၀၀၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးကြွယ်၊ အဖွဲ့ဝင်(၂)ဦးမောင်မောင်၊ မြိုနယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးအောင်ကျော်ကျော်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့် တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - တင်တင်ချို 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)