မော်လမြိုင်ကျွန်းမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေး




MNP - စက်တင်ဘာ  ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် Six Winner Brothers Co., Ltd နှင့် ကိုကျော်ကြီး+မေသူကုန်မျိုးစုံဆိုင်မှ၊  စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးခြင်းအား ယမန်နေ့ ညနေ ၃ နာရီအချိန်က‌ မေသူကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်ပိုင်ရှင် နေအိမ်အရှေ့၌ ဆောင်ရွက်ခဲ့ သည်။


အဆိုပါ လုပ်ငန်းများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်နှင့် တာဝန်ရှိသူများ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ Six Winner Brothers Co., Ltd နှင့် အမှတ်(၁၂)ရပ်ကွက်အတွင်းရှိ ကိုကျော်ကြီး+မေသူ ကုန်မျိုးစုံ ဆိုင်နှင့် မိသားစုကုန်မျိုးစုံဆိုင်မှ မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားပြည်သူများ  စားအုန်းဆီ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် စားအုံးဆီတစ်လီတာ ရေသန့်ဘူးအပြည့် တစ်ဘူးလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် စားအုန်းဆီဘူး(၆၆၀) အား ဈေးနှုန်းသက်သာစွာ ရောင်းချ ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)