ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာနှင့် ညောင်လန်းကျေးရွာချင်းဆက် အရှည် (၁၇ပေ×၂၅ပေ) အတိုင်းအတာရှိ သံကူကွန်ကရစ် ‘ပန်းဝေတံတား´ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာနှင့် ညောင်လန်းကျေးရွာချင်းဆက် အရှည် (၁၇ပေ×၂၅ပေ) အတိုင်းအတာရှိ သံကူကွန်ကရစ် ‘ပန်းဝေတံတား´ဖွင့်ပွဲကျင်းပ



MNP - စက်တင်ဘာ  ၂၉


မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာနှင့် ညောင်လန်းကျေးရွာသို့ ဆက်သွယ်ထားသည့် သံကူကွန်ကရစ် `ပန်းဝေတံတား´ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတံတားရှေ့တွင်ကျင်းပရာ အခမ်းအနားသို့ ကမာမိုကျေးရွာ ကျောင်းကြီးဆရာတော် ဘဒ္ဒန္တဉာဏနှင့်ဆရာတော် သံဃာတော်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များဌာနဆိုင်ရာများနှင့် ကျေးရွာရပ်မိ ရပ်ဖများ၊ အလှူရှင်များ ပြည်သူများတက်ရောက်ကြသည်။


ရှေ့ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက ကျေးရွာချင်းဆက်လမ်း ဆောက်လုပ်ခြင်ဖြင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့ လာမည်ဖြစ်ကြောင်းပြောကြားပြီး ရပ်မိရပ်ဖ ဦးမြင့်မောင်လေးက တံတားတည်ဆောက်ရေး အတွက် ကုန်ကျငွေစာရင်းရှင်းတမ်းနှင့် တံတား၏ရာဇဝင်သမိုင်းကြောင်းကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် အလှူရှင်များအားဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခဲ့ပြီး ကမာမိုကျေးရွာကျောင်းကြီး ဆရာတော်ဘဒ္ဒန္တဉာဏနှင့်ဆရာတော် သံဃာတော်များက အဆိုပါ တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။


အဆိုပါတံတားမှာ ယခင်ကသစ်သားတံတားတစ်စင်းဖြစ်ပြီး သွားလာရခက်ခဲ့သည့်အတွက် အလှူရှင်ဦးမင်းကျော်ဟိန်း၊ ဒေါ်မိစန်းဝင်းမိသားစုမှမတည်ငွေကျပ် (၁၆၈၃၄၀၀၀) ကျပ်၊ မလေးရှားနိုင်ငံမှ သူဌေး Mr Vitor Lee မိသားစုမှငွေကျပ် (၅၃၀၀၀၀၀) ကျပ်၊ ကျေးရွာ အတွင်းအလှူရှင် (၃၇၄) ဦးမှ ကျပ် (၂၂၂၀၄၅၀၀) ကျပ်ဖြင့် စုစုပေါင်း ကုန်ကျငွေကျပ် (၄၅၀၄၄၅၀၀) ကျပ် ဖြင့် တည်ဆောက်ခဲ့ပြီး ကမာမိုကျေးရွာနှင့် ညောင်လန်းကျေးရွာသို့ ဆက်သွယ်ထားသည့် အရှည် (၁၇ပေ× ၂၅ပေ) သံကူကွန်ကရစ် တံတားဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)