စဉ့်ကူးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော သမိုင်းဝင် ရွှေမုဌောမြတ်စွာဘုရားပွဲတော် ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကူးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော သမိုင်းဝင် ရွှေမုဌောမြတ်စွာဘုရားပွဲတော် ကျင်းပ






MNP ၊ စက်တင်ဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော သမိုင်းဝင် ရွှေမုဌော မြတ်စွာဘုရားပွဲတော်ကို အမှတ်(၁)ရပ်ကွက်ရှိ ရွှေမုဌောမြတ်စွာဘုရားပုရဝုဏ်အတွင်း ယနေ့နံနက် ၆ နာရီခွဲအချိန်မှ စတင်ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းကျော်နိုင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များက သံဃာတော် (၁၃၈) ပါးအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး သံဃာတော် များအား တစ်ပါးလျှင် ငွေကျပ် (၃၀၀၀၀)မှ (၁၅၀၀၀၀) တန်ဖိုးရှိ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို စာရေးတံမဲနှိုက် လှူဒါန်းခဲ့ကြသည်။


ထို့နောက် စဉ့်ကူးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော် ဦးဝရသာမိ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရေစက်သွန်းချအနုမောဒနာတရားတော်များ နာယူခဲ့ကြသည်။  


ဆက်လက်၍ ရွှေမုဌောမြတ်စွာဘုရားရင်ပြင်တော်တွင် သံဃာတော် (၁၃၈) ပါးအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းကျော်နိုင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ စေတနာရှင် အလှူရှင်များက ဆွမ်းဆန်တော်များ၊ အလှူငွေများ၊ လှူဖွယ် ပစ္စည်းများအား လောင်းလှူခဲ့ကြသည်။


အဆိုပါ ရွှေမုဌော မြတ်စွာဘုရားပွဲတော် အခမ်းအနားသို့ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး လှူဒါန်းမှူ တန်ဖိုးငွေမှာ စုစုပေါင်း ကျပ်သိန်း (၉၀)ကျော် ဖြစ်ကြောင်း သိရသည်။


တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)