ဒေးဒရဲမြိုနယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေးဒရဲမြိုနယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး



MNP - စက်တင်ဘာ  ၁၅


ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူ များ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာခြင်းဆက် ကုန်ထုတ်လမ်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တော်ကမယ်၊ အစိပ်တော် ကမံ၊ ကျုံဒူးမြောက်၊ တော်ဖရုံ၊ ကုလားကုန်းတန်း စသည့် ကျေးရွာခြင်းဆက် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးနန္ဒာစိုးက လုပ်ငန်းဆောင်ရွက်ထားမှုများကို လိုက်လံရှင်းလင်းပြသခဲ့ ကြောင်း သိရသည်။


(၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် အဆိုပါလမ်းကို တိုင်းဒေသကြီးရံပုံငွေမှ ငွေကျပ် (၃၁၀.၂၅)သန်းဖြင့် ကျေးလက်လမ်းဦးစီးဌာနက အရှည်(ဝ/၅.၄)မိုင်၊ အကျယ်(၁၄) ပေ၊ ထု(၇)လက်မရှိ ကျေးရွာ ချင်းဆက် ကုန်ထုတ်လမ်း ကျောက်ကြမ်းသဲခင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းမီစွာဖြင့် သတ်မှတ်ရက်အတွင်း ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားခဲ့ ကြောင်း သိရသည်။


အဆိုပါ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်း ပြီးစီးပါက တော်ကမယ်၊ အစိပ်တော်ကမံ၊ ကျုံဒူးမြောက်၊ တော်ဖရုံ၊ ကုလားကုန်းတန်း ကျေးရွာအုပ်စုရှိ ပြည်သူများအနေဖြင့် ရာသီအချိန်မရွေး သွားလာနိုင်၍ ဒေသထွက်ကုန် များကို ကုန်လမ်းခရီးဖြင့် သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပြီး ကျေးရွာပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အေဇာလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)