အင်္ဂပူမြို့နယ် ညောင်ပင်တဲ အ-မ-က(မူလွန်)မှ အ-လ-က-က(ခွဲ) ကျောင်းအဆင့် တိုးမြှင့်ခြင်းနှင့် အလယ်ရိုး အ-လ-က(ခွဲ)မှ အ-လ-က ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့နယ် ညောင်ပင်တဲ အ-မ-က(မူလွန်)မှ အ-လ-က-က(ခွဲ) ကျောင်းအဆင့် တိုးမြှင့်ခြင်းနှင့် အလယ်ရိုး အ-လ-က(ခွဲ)မှ အ-လ-က ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်



MNP - စက်တင်ဘာ  ၁၃


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ညောင်ပင်တဲအုပ်စု၊ ညောင်ပင်တဲ အ-မ-က(မူလွန်)ကျောင်းမှ အ-လ-က(ခွဲ)ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက အ-လ-က(ခွဲ)ညောင်ပင်တဲ ကျောင်းတွင် ပြုလုပ်ခဲ့သည်။


ဦးစွာ အ-လ-က(ခွဲ)ညောင်ပင်တဲ ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်လှိုင်၊ မြို့နယ်ပညာရေးမှူး ဦးလှထွဋ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးနေမျိုးလင်းတို့က ဖဲကြိုးဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးလှထွဋ်က ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်းအတွက် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ‌ညောင်ပင်တဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က ကျေးဇူးတင် စကားပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့သည် ကွင်းလှအုပ်စု၊ အလယ်ရိုး အ-လ-ကကျောင်းသို့ သွားရောက်ပြီး အလယ်ရိုး အ-လ-က(ခွဲ)ကျောင်းမှ အ-လ-က ကျောင်းအဆင့် တိုးမြှင့်ခြင်းအခမ်းအနားတွင်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်လှိုင်၊ မြို့နယ်ပညာရေးမှူး ဦးလှထွဋ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးနေမျိုးလင်းတို့က ဖဲကြိုးဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ ကျောင်းများအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် ပညာရေးမှူး ဦးလှထွဋ်နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား မိဘများတက်ရောက်ခဲ့ကြသည်။ အင်္ဂပူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင် အ-ထ-က(ခွဲ)ကျောင်း(၂)ကျောင်း၊ အ-လ-ကကျောင်း(၂)ကျောင်း၊ အ-လ-က (ခွဲ)ကျောင်း(၂)ကျောင်း၊ (မူလွန်)ကျောင်း(၁)ကျောင်း တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။


သတင်း - မန်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)