ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်း စွန့်ပစ်ခြင်းခံရသည့် ကလေးငယ်အား မိခင်ရင်းထံသို့ ပြန်လည်ပေးအပ်ခြင်းအခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်း စွန့်ပစ်ခြင်းခံရသည့် ကလေးငယ်အား မိခင်ရင်းထံသို့ ပြန်လည်ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်

 


MNP - စက်တင်ဘာ   ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် စွန့်ပစ်ခြင်းခံရသော ကလေးငယ်တစ်ဦးအား မိခင်ရင်းထံသို့ ပြန်လည်အပ်နှံခြင်းအခမ်းအနားကို ယမန်နေ့ နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ကြောင်းသိရသည်။


ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်က စွန့်ပစ်ခြင်းခံခဲ့ရသည့် ကလေးငယ်နှင့်ပတ်သက်၍ မိဘအုပ်ထိန်းသူများအနေဖြင့် ဥပဒေကြောင်းအရ အရေးယူခံရနိုင်သည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုမာက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သောအကြောင်းအရာများ လိုက်နာရမည့်ဥပဒေများကို ရှင်းလင်းပြောကြားကြောင်း သိရသည်။


ထို့နောက် ကလေးငယ်အားကောက်ယူစောင့်ရှောက်ထားသည့် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ခိုင်နှင်းဝေမှ မြို့နယ်ကလေးသူငယ်ဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များရှေ့မှောက်တွင် ကလေး၏မိခင်ရင်းဖြစ်သူ ဒေါ်ချိုချိုဝင်းထံ ကလေးငယ်အားပြန်လည်အပ်နှံရာ  လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုမာနှင့်တာဝန်ရှိသူများက ကလေးအမေဖြစ်သူနှင့် ဘိုးဘွားများအား ကလေး၏အနာဂတ်နှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ခံဝန်ကတိ လက်မှတ်ရေးထိုးစေ၍ ကလေးအား သရုပ်ဆောင်ခိုင်နှင်းဝေမှ ကလေး၏အမေဖြစ်သူထံသို့ ပြန်လည်အပ်နှံပေးကြောင်း သတင်းရရှိသည်။


သတင်း - သက်မင်းဟန် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)