MNP ၊ စက်တင်ဘာ ၉
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး သံတွဲခရိုင် ကိုယ်စားပြု(ပြည်နယ်အဆင့်) ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌကိုယ်စားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင် အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်ကအောင်နိုင်ရေးဂုဏ်ပြုအမှာစကားပြောကြားသည်။
ထိုသို့ပြောကြားရာတွင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့်ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးဟူသည့် ဦးတည်ချက်များအရ နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ခေတ်အဆက်ဆက် ကျင်းပဆောင်ရွက်ခဲ့သည်မှာ (၂၂)ကြိမ်မြောက်အထိ ကျင်းပနိုင်ခဲ့ပြီး ယခုအခါ (၂၃)ကြိမ်မြောက်ပြည်နယ်အဆင့်ပြိုင်ပွဲကို စက်တင်ဘာလ ၁၂ရက်မှ ၁၇ ရက်နေ့အထိကျင်းပရာတွင် သံတွဲခရိုင်ကိုယ်စားပြု ပြိုင်ပွဲဝင်များ အနေဖြင့် ဘာသာရပ်(၂၁)မျိုးအား ပြိုင်ပွဲဝင်(၁၀) ဦးမှပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ကိုလည်းသိရှိရပါကြောင်း ၊ အဆိုပါပြိုင်ဝင်များသည် အတွေ့အကြုံ လေ့ကျင့်သင်ကြားမှု၊ ပညာ ရပ်ပိုင်း ဆိုင်ရာ ကိုယ်စီတတ်ကျွမ်းများအပေါ် ကြီးကြပ်အုပ်ချုပ်သူ ဆရာသမားများ၏ အနီကပ်ပံ့ပိုး အားဖြည့်မှုများကြောင့် ပြည်နယ်အဆင့်ပြိုင်ပွဲမှသည် နိုင်ငံတော်အဆင့်ပြိုင်ပွဲတိုင်အောင် သံတွဲခရိုင်၏ ဂုဏ်ကိုဆောင်နိုင်သည့်ဆုတံဆိပ်များ ဆွတ်ခူးရရှိပါစေကြောင်း ပြောကြားခဲ့သည်။
ထို့နောက်ပြိုင်ပွဲဝင်များကိုယ်စား အုပ်ချုပ်/နည်းပြ ဦးအောင်ကျော်သိန်းက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment