မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မှ အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများသို့ လူမှုရေးပင်စင်များထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မှ အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများသို့ လူမှုရေးပင်စင်များထုတ်ပေးလျက်ရှိ







MNP ၊ စက်တင်ဘာလ  ၁၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မှ တောင်ကုတ် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အို အဘိုး၊ အဘွားများသို့ လူမှုရေးပင်စင်ငွေများ ကို သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး များတစ်ဆင့်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ထုတ်ပေးလျက်ရှိရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်အတွက် အဘိုး၊ အဘွားတစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် အကျိုးခံစားခွင့်ရှိသူ (၁၂၇၇)ဦးအတွက် စုစုပေါင်း ငွေကျပ်- ၃၈၃၁၀၀၀၀/- ကိုသက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ မှတစ်ဆင့် ထုတ်ပေးလျက်ရှိပြီး  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန အနေ ဖြင့်လူမှုရေးပင်စင်ထောက်ပံ့ငွေများကိုဘဏ္ဍာနှစ် အလိုက်(၃) လ တစ်ကြိမ် ထောက်ပံ့လျက်ရှိရာ ယခုဘဏ္ဍာနှစ်တွင် ဒုတိယအကြိမ်ထောက်ပံ့ခြင်းဖြစ်ကြောင်း  မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေတင့် ထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)