နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်တွင် ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်ပွဲနှင့် တမန်းနိုးစက်ဖြင့် တမန်းနိုးခြင်းသရုပ်ပြပွဲ အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်တွင် ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်ပွဲနှင့် တမန်းနိုးစက်ဖြင့် တမန်းနိုးခြင်းသရုပ်ပြပွဲ အခမ်းအနား တက်ရောက်



MNP - စက်တင်ဘာ   ၁၀


စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ(၁:၃) ရောစပ်ကြဲပက်ပွဲနှင့် တမန်းနိုးစက်ဖြင့် တမန်းနိုးခြင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာရှိ ကွင်းအမှတ်(၁၆၇၂)၊ တောင်သူ ဦးကျောက်ပိုင် လယ်(၈)ဧကရှိ စက် Seeder စံပြကွက်၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် လူမှု စီးပွားဘဝ မြင့်မားရေးကို နိုင်ငံတော်မှ အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ကျေးလက်ပြည်သူများဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် အရည်အသွေး ကောင်းမွန်သည့် စပါးမျိုးသန့်များ ထွက်ရှိရန်အတွက် သဘဝမြေဩဇာ စနစ်တကျသုံးစွဲရန်နှင့် သီးနှံစိုက်ပျိုး ရိတ်သိမ်းသည့်အခါ စက်ကိရိယာကို တွင်တွင်ကျယ်ကျယ် အသုံးပြုမှုသည်လည်း အရေးကြီးပါကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် သွင်းအားစုများ၊ မြေဩဇာများ၊ ရေအသုံးချမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံတောင်သူ များအနေဖြင့် အကျိုးရှိရှိအသုံးချပြီး လိုအပ်ချက်များရှိပါက တင်ပြကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းထိန်က ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ(၁:၃) ရောစပ်ကြဲပက်မှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးနိုင်ဦးက  စိုက်ပျိုးရေးသုံးစက်ကိရိယာများနှင့် ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြပြီး ဒေသခံတောင်သူတစ်ဦးက လက်တွေ့ လုပ်ဆောင်မှုများအား ရှင်းလင်းတင်ပြသည်။


ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ(၁:၃) ရောစပ်ကြဲပက်ပွဲနှင့် တမန်းနိုးစက်ဖြင့် တမန်းနိုးခြင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ကိုကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)