စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနား တက်ရောက်



MNP - စက်တင်ဘာ   ၁၉


စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၂-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို စက်တင်ဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဆုရ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်သည် မွန်ထရီရယ်သဘောတူစာချုပ်အနေဖြင့် ရာသီဥတုပြောင်းလဲ မှုပေါ်တွင် ပိုမိုကျယ်ပြန့်သော အကျိုးသက်ရောက်မှုရှိပုံနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ယင်း သဘောတူစာချုပ်အပေါ်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန်၊ ကမ္ဘာပေါ်ရှိနိုင်ငံများ လက်ရှိ ကြုံတွေ့နေရသည့် ရာသီဥတုဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် အနာဂတ်မျိုးဆက်များ အတွက် ကမ္ဘာမြေပေါ်ရှိ သက်ရှိများကိုကာကွယ်ရန် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများကို ဖွံ့ဖြိုးစေရန်နှင့် အသိအမှတ်ပြုစေလိုခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စုပေါင်း အင်အားဖြင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကို ရပ်ဆိုင်းရန် ကြိုးစားခဲ့ခြင်းကြောင့် ယနေ့အခါတွင် အိုဇုန်းလွှာအပေါက်သည် ပြန်လည်ကောင်းမွန်လာခဲ့ပြီး အပြန်အလှန်အနေဖြင့် လူသားများ၏ ကျန်းမာရေး၊ စီးပွားရေးနှင့် ဂေဟစနစ်များကိုပါ ကာ ကွယ်ပေးခြင်း ဖြစ်ပါကြောင်း၊                                                                           


မိမိတို့ လူသားများအပါအဝင် သက်ရှိများ၏ဘဝ ရှင်သန်ရပ်တည်နိင်ရန်အတွက် အိုဇုန်း လွှာကောင်းမွန်ရေးသည် အင်မတန်အရေးပါသည့်အတွက် အိုဇုန်းလွှာထိန်းသိမ်းရေးမှာ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်နေကြသည့် ပြည်သူ ပြည်သားအားလုံးကလည်း မိမိတို့နေထိုင်နေကြသည့် ကမ္ဘာမြေကြီးကို ထိန်းသိမ်းစောင့် ရှောက်ကြရန်နှင့် သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားကြရန်၊ အိုဇုန်းလွှာတန်ဖိုးကို ကျယ် ကျယ်ပြန့်ပြန့် သိရှိနိုင်ကြစေရန်၊  ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအနေဖြင့်လည်း ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်၊ ကောင်းမွန် သန့်ရှင်းတဲ့ ဂေဟစနစ်တွေကို  သားစဉ်မြေးဆက် လက်ဆင့်ကမ်းရပ်တည်နိုင်ရန် မိမိတို့အားလုံး သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားပြီး ထိန်းသိမ်းသွားကြရန် မှာကြားလိုပါကြောင်း ပြောကြား ခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းအား ရှင်းလင်း တင်ပြပြီး ၂၀၂၂-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိန်းအမှတ် Video Clip အားပြသ သည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ကမ္ဘာ့အိုဇုန်းလွှာနေ့ ထိန်းသိမ်းရေးနေ့ အထိန်းအမှတ်ပြခန်းအား လိုက်လံကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)