ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများ လက်လီ/လက္ကား အခွန်လွတ်ဈေး နေပြည်တော်၊ မြို့မဈေးတွင် ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများ လက်လီ/လက္ကား အခွန်လွတ်ဈေး နေပြည်တော်၊ မြို့မဈေးတွင် ဖွင့်လှစ်


MNP ၊ စက်တင်ဘာ ၁၀

ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများ၊ လက်လီလက္ကား အခွန်လွတ်ဈေးကို စက်တင်ဘာလ (၁၀)ရက် စနေနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်၊ မြို့မဈေးတွင် ဖွင့်လှစ်ထားပြီးဖြစ်ရာ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အသားနှင့် ကြက်ဥ အရောင်းဆိုင်ခန်းများ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ၏ အ‌ရောင်းဆိုင်ခန်းများ၊ အိမ်နောက်ဖေး ဈေးဆိုင်တည်လိုသူများအတွက် မျိုးစေ့ပျိုးပင် အရောင်းဆိုင်များတွင် ဝယ်ယူကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရှိရသည်။


 အဆိုပါ အခွန်လွတ်ဈေးကို နေ့စဉ် နံနက်(၆)နာရီမှ (၉)နာရီအထိ ရောင်းချပေး သွားမည်ဖြစ်ကြောင်း၊ မြို့မဈေးနှင့် အ.ထ.က(၅)လမ်းဆုံထောင့်ရှိ အအေးခန်းစက်ရုံတွင် နွားနို့၊ ငါးခြောက်၊ ပုစွန်ခြောက်နှင့် ကြက်သွန်၊ ငရုတ်သီးခြောက်၊ အာလူး စသည့် ကုန်ခြောက်များကို ညနေပိုင်းအထိ ရောင်းချပေးလျက်ရှိကြောင်း၊ စားသုံးသူများ၏ လိုအပ်ချက်ပေါ်မူတည်၍ ဝန်ထမ်းအိမ်ရာများနှင့် ရုံးဌာနများတွင် ရွေ့လျားဈေးရောင်းစနစ်ဖြင့် ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး အားပေးကြသည်။


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ သုတေသနခြံများ၊ နည်းပညာပေး လုပ်ငန်းအတွက် စံနမူနာပြ စိုက်ခင်းများမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိပြီး ကိုယ်တိုင်စီးပွားဖြစ် စိုက်ပျိုးမွေးမြူထုတ်လုပ်နေသူများ လက်လီလက်ကား ရောင်းချနိုင်ရေး စီမံဆောင်ရွက် ပေးခြင်းဖြင့် စားသောက်ကုန်များထုတ်လုပ်သူမှ စားသုံးသူလက်ဝယ်သို့ လပ်ဆတ်စွာဖြင့် တိုက်ရိုက်ရောက်ရှိရေး၊ နိုင်ငံဝန်ထမ်းများ သက်သာချောင်ချိရေး၊ အစားအစာဘေးကင်း လုံခြုံမှုရှိပြီး အာဟာရပြည့်ဝ လတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို မိသားစုတိုင်း ဖူလုံစွာစားသုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယခုလုပ်ငန်း၏ အတွေ့အကြုံများဖြင့် အခြားတိုင်းဒေသကြီး ပြည်နယ်များတွင် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


အလားတူ နေပြည်တော်ကောင်စီနယ်မြေကို Green City, Clean City, Smart City အဖြစ် အကောင်အထည်ဖော်ရေးလုပ်ငန်းတွင် အပါအဝင်ဖြစ်သည့် အရည်အသွေးပြည့်ဝပြီး ဘေးဥပါဒ်ကင်းရှင်းသော စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်လုပ်ငန်းများ ဈေးကွက်ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်မြင့်သိုလှောင်ခြင်း၊ ပြုပြင်ထုပ်ပိုးရောင်းချခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး ထွက်ကုန်ဈေးကွက်ဗဟိုဌာန အအေးခန်း သိုလှောင်ရုံကို နေပြည်တော် ပုဗ္ဗသီရိဈေးအနီးတွင် တည်ထောင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများကို ၂၀၂၃ ခုနှစ်တွင် စတင်နိုင်မည်ဖြစ်ရာ ဒေသခံစိုက်ပျိုး မွေးမြူထုတ်လုပ်သူများသာမက စားသုံးသူများအတွက်ပါ အကျိုးရှိစေမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)