MNP ၊ စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးပိုင်၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက် ၉ နာရီအချိန်က သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
စုပေါင်းသွေးလှူဒါန်းရာတွင် သထုံခရိုင်ရဲတပ်ဖွဲ့မှူး၏ ဦးဆောင်မှုဖြင့် သထုံမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ယာဉ်ထိန်းတပ်ဖွဲ့စု၊ မူးယစ်တပ်ဖွဲ့စု၊ သတင်းတပ်ဖွဲ့စု၊ ရထားတပ်ဖွဲ့စုတို့မှ အရာရှိနှင့် အခြားအဆင့်တပ်ဖွဲ့ဝင် (၂၅) ဦးတို့မှ စုပေါင်းသွေးလှူဒါန်းကြရာ သထုံခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော်နှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးစစ်ခြင်း၊ သွေးလက်ခံရယူခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးတို့က သွေးလှူဒါန်းကြသည့် ရဲတပ်ဖွဲ့ဝင်များကို အားဆေး၊ အချိုရည်၊ ကြက်ဥ၊ ငှက်ပျောသီး စသည်တို့ကို ပြန်လည်ပေးအပ်ခဲ့ပြီး ခရိုင်ပြည့်သူ့ဆေးရုံအုပ်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ သွေးအလှူရှင်များ၏ကိုယ်စား ခရိုင်ရဲတပ်ဖွဲ့မှူးက လက်ခံရယူခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment