မိုင်းခတ်၌တန်ဖိုးသင့်အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခတ်၌တန်ဖိုးသင့်အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

 


MNP - စက်တင်ဘာ   ၁၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များမှ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ  တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက်  ယနေ့နံနက် ၇ နာရီအချိန်ကစတင်၍ မြို့နယ်ပန်းခြံလမ်းတွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချပေးရာတွင် ကြက်ဥငါးလုံး ၁၀၀၀ ကျပ်၊ ကြက်သား တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ခေါက်ဆွဲတစ်ထုတ် ၁၂၀၀ ကျပ်၊ ပဒုမ္မာဆပ်ပြာမွှေးတစ်ခဲ ၈၀၀ ကျပ်၊ ပန်းကန်ဆေးဆပ်ပြာရည် တစ်ဗူး ၁၅၀၀ ကျပ်နှုန်းတို့ဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ပြီး ချဉ်ပေါင်ရွက်၊ ဖရုံရွက်၊ ဂွေးတောက်ရွက်၊ ဖရုံသီး၊ ကန်စွန်းရွက်အပါအဝင် အခြားဟင်းသီးဟင်းရွက်မျိုးစုံကိုလည်း ရောင်းချပေးခဲ့ရာ ပြည်သူများ လွတ်လပ်စွာဖြင့် လာရောက်ဝယ်ယူနေမှုအား စစ်ဗျူဟာအဖွဲ့ (အခြေချ)(မိုင်းခတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရာဇာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်စိုးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)