ဝိုင်းမော်ဇုံနယ် လော်ဝေါ်နှစ်ခြင်းအသင်းတော် အမျိုးသားချစ်ကြည်ရေး ဘောလုံးအားကစား ပြိုင်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝိုင်းမော်ဇုံနယ် လော်ဝေါ်နှစ်ခြင်းအသင်းတော် အမျိုးသားချစ်ကြည်ရေး ဘောလုံးအားကစား ပြိုင်ပွဲ ကျင်းပ

 


MNP - စက်တင်ဘာ   ၆


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ဝိုင်းမော်ဇုံနယ်လော်ဝေါ်နှစ်ခြင်း  အသင်း‌တော်များ စုပေါင်း၍ အသက် ၁၆ နှစ်မှအသက် ၃၀ နှစ်အထိအမျိုးသား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ  ၂ နာရီက ဝိုင်းမော်မြို့နယ် ပြည်သူ့အားကစား ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ် ဘောလုံးအသင်း ဥက္ကဋ္ဌ ဦးကြည်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝိုင်းမော်ဇုံနယ် လော်ဝေါ်နှစ်ခြင်းအသင်းတော် ဥက္ကဋ္ဌ သင်းအုပ်ဆရာကြီး ဦးဝမောဒိုင်ဇောင်းက ပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်နှင့် စည်းမျဉ်းစည်းကမ်းများကို ပြောကြားခဲ့သည်။


အဆိုပါ ဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ ၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွား မည်ဖြစ်ပြီး ပြိုင်ပွဲကို ဝိုင်းမော်ဇုံနယ် လော်ဝေါ်နှစ်ခြင်းအသင်းများမှ လူငယ်များ ချစ်ကြည် ရင်းနှီးမှု ရရှိစေရေးနှင့် လူငယ်များ မူးယစ်းဆေးဝါးကင်းစင်ပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ပြိုင်ပွဲဝင်အသင်း (၁ဝ) သင်းကို အုပ်စု (၃) စုခွဲ၍ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပထမဆု ငွေကျပ် (၅) သိန်း၊ဒုတိယဆုငွေကျပ်(၃)သိန်း၊တတိယဆုငွေကျပ် (၁)သိန်းနှင့် အကောင်းဆုံး အားကစားသမား ဆုများ အသီးသီး ချီးမြှင့်သွားမည်ကြောင်း သိရှိရသည်။


သတင်း - ဖြူစင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)