ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅) နှစ်သင်တန်း ဝင်ခွင့် စာမေးပွဲများဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅) နှစ်သင်တန်း ဝင်ခွင့် စာမေးပွဲများဖြေဆို




MNP - စက်တင်ဘာ  ၂၄


၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅) နှစ်သင်တန်း၊ အမှတ်စဉ်(၁၀) ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က လားရှိုးမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။


ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ (၅)နှစ် သင်တန်း၊ အမှတ် စဉ်(၁၀)ဝင်ခွင့်စာမေးပွဲသို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းမှ အမျိုးသား (၅) ဦး၊ အမျိုးသမီး (၃၀) ဦး စုစုပေါင်း (၃၅) ဦး  ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။


ဝင်ခွင့်စာမေးပွဲ ရေးဖြေစာမေးပွဲ အောင်စာရင်းများကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန် သွားမည်ဖြစ်ပြီး အောင်မြင်သူများမှာ နှုတ်ဖြေစာမေးပွဲထပ်မံဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စိုင်းထွန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)