အကြိမ် (၄၀) မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြိမ် (၄၀) မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများဆွေးနွေး


MNP ၊ စက်တင်ဘာ ၁၆

အကြိမ်(၄၀)မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (40th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကမ္ဘောဒီးယားနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် Video Conferencing စနစ်ဖြင့် ကြီးမှူးကျင်းပလျက်ရှိရာ အဆိုပါ အစည်းအဝေးများသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တက်ရောက်ခဲ့သည်။

အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများတို့မှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံစွမ်းအင်ဗဟိုဌာနနှင့် နိုင်ငံတကာစွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Plan of Actions for Energy Cooperation – APAEC Phase II (2021-2025)) ၏ ပူးပေါင်းဆောင်ရွက်ရေး ဧရိယာများဖြစ်သော အာဆီယံဒေသတွင်း စွမ်းအင်ဖူလုံမှုရှိရေး၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက် တိုးချဲ့တည်ဆောက်ရေး၊ လျှပ်စစ်ဓာတ်အားကွန်ရက်စနစ် အဆင့်မြှင့်တင်ရေး၊ ကျောက်မီးသွေးနှင့် သန့်စင်သောကျောက်မီးသွေး သုံးနည်းပညာများ အဆင့်မြှင့်တင်ရေး၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာအသုံးချရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေး၊ ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များ ပိုမိုတိုးမြှင့်သုံးစွဲရေး၊ စွမ်းအင်မူဝါဒနှင့် စီမံရေးကဏ္ဍ ပိုမိုကောင်းမွန်ရေး၊ မြို့ပြနျူကလီးယားစွမ်းအင်ဆိုင်ရာ နည်းပညာနှင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံ/အဖွဲ့အစည်းများအကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အစီအမံများနှင့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အကြိမ် (၄၀) မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာစာတမ်း “The Joint Ministerial Statement (JMS) of 40th AMEM” ကို ထုတ်ပြန်ခဲ့သည်။

အကြိမ် (၄၀)မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများအဖြစ် အာဆီယံနှင့် အမေရိကန်စွမ်းအင်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး၊ အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာ ပြန်ပြည့်မြဲစွမ်းအင်အေဂျင်စီ အစည်းအဝေး၊ အာဆီယံနှင့်အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ အစည်းအဝေးတို့ကို တစ်ဆက်တည်းကျင်းပခဲ့ပြီး စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အစီအမံများ၊ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး 7th ASEAN ENERGY OUT LOOK နှင့် 2nd ASEAN RENEWABLE ENERGY (RE) OUT LOOK မူကြမ်းများကို အတည်ပြုခဲ့ကြသည်။ အရှေ့အာရှနိုင်ငံများ၏ စွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံနှင့် ဆွေးနွေးဖက် သုံးနိုင်ငံ (ဂျပန်၊ ကိုရီးယား၊ တရုတ်) အစည်းအဝေးတို့ကို စက်တင်ဘာ ၁၆ ရက်၌ ဆက်လက်ကျင်းပ၍ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ညှိနှိုင်း ဆွေးနွေးကြမည်ဖြစ်သည်။

အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့်အတူ အာဆီယံစွမ်းအင်လုပ်ငန်းပြပွဲ (ASEAN Energy Business Forum - AEBF) နှင့် အာဆီယံစွမ်းအင်ဆိုင်ရာ ဆုချီးမြှင့်ပွဲတို့ကို တစ်ပေါင်းတည်း ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးက စွမ်းအင်ကဏ္ဍအလိုက် ဆုတံဆိပ်ရရှိသည့် ကုမ္ပဏီများစာရင်းကို ဖွင့်ဖောက်ကြေညာပေးပြီး ဆုရရှိသည့် ကုမ္ပဏီများအတွက် ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားသည်။

အဆိုပါ အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)