Pages

Pages

ပြည်ခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



MNP - စက်တင်ဘာ   ၃၀


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ရှေးဦးစွာ ပြည်ခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ (ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ) ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားသည်။


ဆက်လက်ပြီး ပြည်ခရိုင် အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်နွယ်နွယ်ဦးက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး (၇)ရပ်ကိုလည်းကောင်း၊ ပြည်ခရိုင် အမျိုးသမီးကော်မတီ ဖွဲ့စည်းထားရှိမှု အခြေအနေ၊ အမျိုးသမီးကော်မတီ အစည်းအဝေးများ ကျင်းပခဲ့မှု အခြေအနေ၊ ပြည်မြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အစည်းအဝေးနှင့် သင်တန်းများ ကျင်းပမှု၊ အမျိုးသမီးများ အသိပညာပေး ဆောင်ရွက်မှု၊ အမျိုးသမီးစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ အမျိုးသမီးများ ထောက်ပံ့ပေးမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။


ထို့နောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသမီးကော်မတီဝင်များက အမျိုးသမီးရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေးခဲ့ကြသည်။


ယင်းနောက် ပြည်ခရိုင် အမျိုးသမီးများကော်မတီဥက္ကဋ္ဌ (ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ) ဦးသိန်းအောင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - ကိုစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment