ငပုတောမြို့နယ်တွင် ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးမှုလျာထားချက် ပြည့်မှီရေး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်တွင် ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးမှုလျာထားချက် ပြည့်မှီရေး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး



MNP - စက်တင်ဘာ  ၂၄


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမှုလျာထားချက် ပြည့်မှီရေးသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆောင်ရွက်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်သူက ၂၀၂၂-၂၀၂၃ခုနှစ်၊ ဆီထွက်သီးနှံ(နေကြာ) စိုက်ဧကများလျာထားချက် ပြည့်မှီအောင်စိုက်ပျိုးနိုင်ရေး၊ အခြားနည်းခွင့်ပြုမှုမရရှိမီ မစိုက်ပျိုးဘဲထားရှိသည့်ဧကများ မရှိစေရေး စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးခြင်းသည် ပြည်တွင်းစားသုံးဆီဖူလုံ၍ ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျှော့ချနိုင်‌ရေး၊ ပြည်တွင်းစားသုံဆီဈေးကွက် ပိုမိုရရှိစေ‌ရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ နိုင်ငံခြားငွေအသုံးပြုမှု လျော့နည်းသက်သာလာစေရေး စသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေး၊ နည်းစနစ်မှန်ကန်စွာမြေပြုပြင်ပေး‌ရေး၊ စားသုံးဆီဖူလုံရေးနှင့် ဝင်ငွေတိုးစေရန်ဆောင်းသီးနှံနေကြာအား သီးထပ်သီးညှပ်လျာထားချက်အတိုင်း စိုက်ပျိုးကြရန်ဆွေးနွေးပြောကြားသည်။


ထို့နောက်တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့‌ကျေးရွာမှ စိုက်ပျိုးထားရှိမှု အခြေအနေများကို ပြန်လည်တင်ပြကြရာ မြို့နယ် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့တို့မှ လိုအပ်သည်များကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)