ကျောင်းကုန်းမြို့ဥ သက်ကြီးဘိုးဘွား (၉၉၀)ဦးအား လူမှုရေးပင်စင်(၂၉၇)သိန်း ထောက်ပံ့ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းကုန်းမြို့ဥ သက်ကြီးဘိုးဘွား (၉၉၀)ဦးအား လူမှုရေးပင်စင်(၂၉၇)သိန်း ထောက်ပံ့ ပေးအပ်



MNP - စက်တင်ဘာ   ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ဒုတိယ သုံးလပတ်(ဇူ လိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက နိုင်ငံတော်က လူမှုဝန်ထမ်းမှ တစ်ဆင့် ထောက်ပံ့ပေးနေမှုအပေါ် ရပ်ကွက်ကျေးရွာရှိ သက်ကြီးဘိုးဘွားများ လက်ဝယ်သို့အရောက် သွားရောက်ထောက်ပံ့ပေးစေချင် ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခင်ဟေမာနိုင်က လူမှုရေးပင်စင်ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ သက်ကြီးဘိုးဘွား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် မြို့ပေါ် (၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၅)အုပ်စုတို့မှ သက်ကြီးဘိုးဘွား (၉၉၀)ဦးတို့အတွက် စုစုပေါင်းငွေကျပ်(၂၉၇)သိန်းအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ထံ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အတွင်းရေးမှူး ယာယီ ရဲမှူး အောင်နိုင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၃) လ.ဝ.ကဦးစီးမှူး ဦးအောင်စိုး၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ခင်ဟေမာနိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့် အဖွဲ့ဝင်များ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ဝင်းကြိုင်(ပြန်/ဆက်)


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)