မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် နတ်မောက်မြို့၌ လူရွေးချယ်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် နတ်မောက်မြို့၌ လူရွေးချယ်ပွဲ ကျင်းပ



MNP - စက်တင်ဘာ   ၁၂


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လူရွေးချယ်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအားကစားကွင်းတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အား/ကာမှူးက လူငယ်လူရွယ်များ အားကစားကို စိတ်ဝင်စားလာစေပြီး ဉာဏ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက်  အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် နတ်မောက်မြို့နယ်ကိုယ်စားပြု အမျိုးသမီးဘောလုံးသမား(၂၉)ဦးတို့အား ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်းကစားသမားများနှင့် ဂိုးဖမ်းမည့်သူများကို သက်ဆိုင်ရာ ဘောလုံးဆပ်ကော်မတီများက ရွေးချယ်ခြင်းဖြင့် ဘောလုံးကွင်းအတွင်း အဖွဲ့ခွဲ၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


သတင်း - လှဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)