ချင်းပြည်နယ်အစိုးရအဖွဲ့မှတီးတိန်မြို့ မြို့မ၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်း၌ လှူဖွယ်ဝတ္ထုများလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းပြည်နယ်အစိုးရအဖွဲ့မှတီးတိန်မြို့ မြို့မ၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်း၌ လှူဖွယ်ဝတ္ထုများလှူဒါန်း



MNP - စက်တင်ဘာ  ၁၂


ချင်းပြည်နယ်တီးတိန်မြို့၌ ချင်းပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသောလှူဖွယ် ဝတ္ထုများအား လှူဒါန်းပွဲကိုမြို့မရပ်ကွက်ရှိ ထေရဝါဒ ဗုဒ္ဓသာသနာ ဗဟိုပြုကျောင်းတွင် ၁၀-၉-၂၀၂၂ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ကြောင်းသိရသည်။


အဆိုပါလှူဒါန်းပွဲတွင် ချင်းပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသောသံဃာ(၁)ပါး လျှင်(၂၀၀၀ဝိ/)နှုန်းဖြင့် တီးတိန်မြို့ ဗဟိုကျောင်း၌ တီးတိန်မြို့နယ်ဝါဆိုဝါ ကပ်တော်မူကြသော သံဃာတော်အရှင် သူမြတ်(၁၃)ပါးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ပြီးဆွမ်း ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီအစရှိသော လှူဖွယ်ဝတ္ထုများအား သွားရောက်လှူ ဒါန်းဆက်ကပ် ကြသည်။


လှူဒါန်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။ ဗဟိုကျောင်းယာယီ ကျောင်းထိုင် ဆရာတော်ဦးပုညာနန္ဒထံမှ ငါးပါးသီလဆောက် တည်ခံယူပြီးလှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်ချအမျှဝေခြင်း၊ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။


ချင်းပြည်နယ်တွင် ဘုန်းတော်ကြီးကျောင်း (၂၄၉)ကျောင်းတွင်ရဟန်း (၁၉၁)ပါး၊ သာမဏေ(၈၈)ပါး၊ သီလရှင် (၅၀)ပါး၊ သီတင်းသုံးနေထိုင်လျက်ရှိပြီး ဘိုးဘွားရိပ်သာ(၂)ခုတွင် ဘိုးဘွား(၃၂) ဦးနေထိုင်လျက်ရှိကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)