ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်း(Booster Does) တတိယအကြိမ်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်း(Booster Does) တတိယအကြိမ်ထိုးနှံပေး

 




MNP - စက်တင်ဘာ   ၁၂


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Does) တတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက်၊ မြို့လယ်သံဓမ္မာ၌ စတင်ထိုးနှံပေးလျက်ရှိသည်။


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ မြို့လယ်သံဓမ္မာရုံအတွင်း ဆေးထိုးနေရာများခွဲ၍ ဒုတိယအကြိမ်ထိုးနှံပြီးသောပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)ကို ပြည်သူ(၅၂၈)ဦးအား ထိုးနှံပေးခဲ့ပြီး၊ ယမန်နေ့ကလည်း ပြည်သူ(၆၂၉)ဦးအား ထိုးနှံပေးခဲ့ကြောင်းနှင့် ကျန်ရှိနေသောပြည်သူများအား နောက်ရက်တွင်ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - တင့်ဆွေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)