Pages

Pages

ဘီးလင်းမြို့နယ် အထက(ဘီးလင်း)ကျောင်း၌ ကလေးငယ်များအား အဟာရပြည့်နွား နို့တိုက်ကျွေး






MNP ၊ စက်တင်ဘာ ၆

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ၊မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မှ ကလေးငယ်များ အဟာရဖွံ့ဖြိုးရေး နွားနို့တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်း အထက (ဘီးလင်း)ကျောင်း၌ ဆောင်ရွက်ခဲ့ ကြောင်းသိရ သည်။

ရှေးဦးစွာ ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာနှင်းက အဟာရနွားနို့ သောက်သုံးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ ကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်  ကျောင်းသား၊ ကျောင်းသူများအား အဟာရပြည့်နွားနို့ တိုက်ကျွေးခြင်း အစီအစဉ်ပြုလုပ်ရာ မွေးမြူရေးနှင့်ကူသရေး ဦးစီး ဌာနမှ ဝန်ထမ်းများက K.G တန်းမှ Grade – 2 အထိ ကျောင်းသား၊ ကျောင်းသူ ၂၅၀ ဦးတို့အား နွားနို့ဘူးများကို ဝေငှခဲ့ကြကြောင်းသိရ သည်။


ထူးနောင်(ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment