Pages

Pages

အထက(ဘီးလင်း)ကျောင်း၌ ကျောင်းသား‌၊ ကျောင်းသူများအား ကိုဗစ်ရောဂါကာကွယ်ဆေး (တတိယ)အကြိမ်ထိုးနှံပေး





MNP ၊ စက်တင်ဘာ ၆

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ အထက (ဘီးလင်း)ကျောင်းမှ ကျောင်းသား ၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး(တတိယ)အကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းကအဆိုပါ ကျောင်း၌ ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။

ယခုထိုးနှံပေးသည့် (တတိယ)အကြိမ် ကာကွယ်ဆေးမှာ (Sinovac) ဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံ၍ (၆)လပြည့်ပြီးသည့် ကျောင်းသား ၊ကျောင်းသူ (၅၈၀)ဦးအား မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေး ဝန်ထမ်း များ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံရန် လာရောက်ကြသည့်ကျောင်းသား/ ကျောင်းသူများအား လိုအပ်သည့် ကူညီမှုများဆောင်ရွက်ပေးခြင်း ၊စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ထူးနောင်(ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment