Pages

Pages

ဂွမြို့ Community. Centre ခန်းမတွင် ကျွဲနွား အရေပြား အကျိတ်နာရောဂါ နှင့်ပတ်သက်၍ အသိပညာပေး (Talk Show) ကျင်းပ



MNP ၊ စက်တင်ဘာ  ၆

ရခိုင်ပြည်နယ်၊  ဂွမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနနှင့်  မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့  ပူးပေါင်း၍  ကျွဲ၊နွား အရေပြား အကျိတ်နာရောဂါနှင့်ပတ်သက်၍  အသိပညာပေး  (Talk Show)ကို  Community. Centre ခန်းမ. လူထုအခြေပြု  ဗဟိုဌာန၌  ယနေ့၊ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။


ရှေးဦးစွာ   မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ကျွဲ၊နွား အရေပြား အကျိတ်နာရောဂါနှင့် ပတ်သက်၍ သိရှိလိုသော အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ  မြို့နယ်ဦးစီးအရာရှိ ဒေါက်တာ ပိုင်စိုးဦးက ရောဂါနောက်ခံသမိုင်း၊ ကူးစက်ခံရနိုင်သည့် တိရစ္ဆာန်များ၊  အရေးကြီးရောဂါဟု သတ်မှတ်ရသည့်  အကြောင်ရင်း၊ လူကိုကူးစက်နိုင်သည့်ရောဂါ ဟုတ်/မဟုတ်၊ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊  ရောဂါလက္ခဏာများ၊ ကုသခြင်း လုပ်ငန်းများနှင့် ဖြည့်စွက်ပြောဆိုသည့် အချက်များကို အသိပညာပေး ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment