ဓနုဖြူမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ(၁၂၀၆)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဓနုဖြူမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ(၁၂၀၆)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနား ကျင်းပ




MNP - စက်တင်ဘာ  ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)လများအတွက်  လူမှုရေးပင်စင်ထောက်ပံ့ကြေးပေးအပ်ပွဲကို  ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်က အမှာစကား ပြောပြောကြားပြီး ဓနုဖြူမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား တစ်ဦးလျှင် (၁)လ ၁၀၀၀၀ ကျပ်နှုန်းဖြင့် (၃)လအတွက် ငွေကျပ် ၃၀,၀၀၀ ကျပ်ကို မြို့ပေါ်(၁၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၃) အုပ်စုရှိ သက်ကြီးဘိုးဘွားများ (၁၂၀၆)ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၃၆,၁၈၀,၀၀၀ အား  ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ထံ ပေးအပ်ခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)