ဘားအံမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

 



MNP - စက်တင်ဘာ  ၁၅


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) စတုတ္ထအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီခန့်ကစတင်၍ ဘားအံမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) စတုတ္ထအကြိမ်ထိုးနှံရာတွင်  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများရှိ အရာထမ်း၊ အမှုထမ်း (၃၀၀) ဦးအား ထိုးနှံပေးနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိပြီး အမှတ် (၃) ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်ရှိ ဒေသန္တရာဆေးပေးခန်း၊ ရဲသာကျေးရွာအုပ်စုရှိ စုရပ်နေရာများတွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များ၊ Volunteer များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါအခံရှိ/မရှိ မေးမြန်းခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီး သူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)