ဂွမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး



MNP ၊ စက်တင်ဘာ  ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်း “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ  အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများနှင့် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို စက်တင်ဘာ(၁၂)ရက်နေ့မှ စ၍စုရပ်ကျောင်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများနှင့် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ  ဆက်လက်ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ(၁၂)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac  Booster Dosesထိုးနှံပြီးသူ အသက်(၁၂)နှစ်အထက်ကျောင်းသား၊ ကျောင်းသူ ၂၄၅ ဦး၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင်  Sinovac  Booster Dosesထိုးနှံပြီးသူ အသက်(၁၂)နှစ်အထက်ကျောင်းသား၊ ကျောင်းသူ ၇၂၅ ဦး၊ စက်တင်ဘာလ(၁၄)ရက်နေ့တွင်  Sinovac  Booster Dosesထိုးနှံသူ အသက်(၁၂)နှစ်အထက်ကျောင်းသား၊ ကျောင်းသူ ၃၅၆ဦး၊  Myancopharm  ကာကွယ်ဆေး (ပထမအကြိမ်) ၁၇ဦးနှင့် (ဒုတိယအကြိမ်) ၁၃ဦး၊ Sinopharm ကာကွယ်ဆေး  ထိုးနှံပြီးသူ အသက်(၅)နှစ်မှအသက်(၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူ ၂၆ဦးတို့ ရှိကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)