ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာပညာဦးစီးဌာန၊ ရန်ကင်းပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း အမှတ်စဉ် (၈/၂၂) သင်တန်း မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာပညာဦးစီးဌာန၊ ရန်ကင်းပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း အမှတ်စဉ် (၈/၂၂) သင်တန်း မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပ

 



MNP - စက်တင်ဘာ   ၁၀


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ပညာရေး ဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ရန်ကင်းပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို ဆရာအတတ် ပညာသင်တန်း အမှတ်စဉ်(၈/ ၂၂) မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတိုင်းတွင် ရည်မှန်းချက်ရှိကြောင်း၊ ဒါ့ကြောင့် ပညာရေးရည်မှန်းချက် အောင်မြင်စေရန် ပါဝင်လှုပ်ရှားနေတဲ့ ဆရာ/မများဟာ အရည်အသွေးပြည့်ဝဖို့ လိုအပ်ကြောင်း၊ အရည်အသွေးဆိုရာဝယ် ကျောင်းသားနဲ့ ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်နိုင်ခြင်း၊ လေ့လာမှုအားကောင်းခြင်း၊ ကျောင်းသားတွေ အကြောင်းသိခြင်း၊ သင်ကြားရေးအပေါ် စူးစိုက်နှစ်မြှုပ်ထားခြင်း၊ မှန်ကန်တဲ့ဝေဖန်မှုကို ပေးနိုင်ခြင်း၊ လက်ခံနိုင်ခြင်း၊ အချိန်လေးစားခြင်းစတဲ့ ဆရာတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးများကို ပြည့်မီအောင် ကြိုးစားအားထုတ် သင်ယူပြီး အရည်အသွေးပြည့်ဝသော၊ ကျန်းမာသန်စွမ်းပြီး စာရိတ္တကောင်းမွန်တဲ့ အနာဂတ် သားကောင်းရတနာများကို မွေးထုတ်ပေးနိုင်သည့် ဆရာ/မများအဖြစ် ဂုဏ်ယူလိုပါကြောင်းနှင့် နိုင်ငံတော်မှလည်း သင်တန်းတွေဖွင့်လှစ်ပြီး ဆရာအင်အားများကိုလည်း ဖြည့်တင်းပေးလျက် ရှိပါကြောင်း ပြောကြားခဲ့သည်။


သို့ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကင်းပညာရေး ဒီဂရီကောလိပ်မှ ဆရာ/မများနှင့် သင်တန်းသား/သူများအတွက် ချီးမြှင့်ငွေ(၁၀)သိန်း ပေးအပ်ခဲ့ရာ ရန်ကင်းပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြတ်စိုးက လက်ခံရယူခဲ့ကြောင်း သိရသည်။


ထို့နောက် အခမ်းအနားသို့ ရန်ကုန်တိုင်ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းမင်းလတ်၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - အိရွှေစင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)