ကျောက်တန်းမြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချ




MNP - စက်တင်ဘာ   ၉


ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ယမန်နေ့နံနက် ၈ နာရီတွင် ပါဒကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးဘေးရှိ ကျေးရွာဓမ္မာရုံတွင် ဆန်၊ ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ Mask Campaign ပြုလုပ်ပြီး ရောင်းချခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၅၈၅/-ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၅၃၀၀/-ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅/-ကျပ်ဖြင့် ရောင်းချပေးခဲ့သည်။ အဆိုပါရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)