Pages

Pages

ဒေးဒရဲမြို့၌ ပြည်သူများ ငါးစားသုံးမှု အဆင်‌ပြေစေရေး ငါးများဈေးနှုန်းသက်သာစွာ ရောင်းချပေး



MNP - စက်တင်ဘာ   ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ယနေ့ နံနက် ၇ နာရီတွင် ပြည်သူများ စားဝတ်နေရေးနှင့် ငါးစားသုံးမှု အဆင်ပြေစေရေးအတွက် ငါးများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ပြည်သူများ စားသောက်ကုန်ဈေးနှုန်းများ မြင့်မားနေချိန်တွင် စား‌သောက်သုံးစွဲမှုများ အဆင်ပြေ စေရန်အတွက် ဒေးဒရဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးမွေးကန်ပိုင်ရှင်များ  ပူးပေါင်း၍ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများအား ငါးမြစ်ချင်း (၄၀)ကျပ်သားခန့် တစ်ကောင် လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ငါးပိဿာချိန် (၂၀၀)ပိဿာအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသိန်းဟန်တို့က ပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူ စားသုံးနိုင်ရေး အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။


သတင်း - အေဇာလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment