Pages

Pages

အမ်းမြို့၌ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး






အမ်း- စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက် ကုန်ပစ္စည်းနှင့် ဟင်း သီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ‌ရောင်း ချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လေယာဥ်ကွင်းရပ် ကွက် အင်းဝဘဏ်အနီး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခြေခံစားကုန်နှင့် ဟင်းသီးဟင်း ရွက်များအား သက်သာသောစျေးနှုန်းဖြင့် ‌ရောင်းချပေးခြင်းကို အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး တပ်နယ်မှတာဝန်ရှိသူများက ပြည်သူ မားအား အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်ကြသည့် ဆန်တစ်ပြည်လျှင်(၁၆၀၀)ကျပ်၊ ဆီ(၁)ပိဿတစ်ဗူးလျှင်(၆၅၀၀)ကျပ်၊ ဝတ်သား(၁)ပိဿ (၁၀၀၀)ကျပ်၊ ကြက်သား(၁)ပိဿ (၅၇၀၀)ကျပ်၊  ဒေသကြက်(၁)ပိဿ (၁၀၀၀၀)ကျပ်၊ ငါးမြစ်ချင်း (၁)ပိဿ (၅၈၀၀)ကျပ်၊ ငါးတန် (၁)ပိဿ (၁၅၂၀၀) ကျပ်၊ ငါးမုတ် (၁)ပိဿ(၅၂၀၀)ကျပ်၊ ကြက်ဥ တစ်လုံး (၁၅၀)ကျပ်၊  နွားနို့ ပဲ၊ အမဲသားစည်သွတ်ဘူး၊ ကြက်အာလူး၊ ငါးတန်အချိုပေါင်း၊ မျှစ်စားတော်ပဲဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းချဥ်ဘူး၊ ငါးသလောက်ဘူး၊ သရက်သီးသနပ်ဘူး၊ ငါးပိကြော်၊  ကန်စွန်းရွက်၊ ချဥ်ပေါင် စသည့် စားသောက်ကုန်ပစ္စည်းများနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ စျေးဝယ်သူများဖြင့် စည်ကားနေကြောင်း သိရှိရသည်။

                                  

စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment