ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမှုလျာထားချက်ပြည့်မီရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမှုလျာထားချက်ပြည့်မီရေး ညှိနှိုင်းဆွေးနွေး

 



MNP - စက်တင်ဘာ   ၂


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမှု လျာထား ချက်ပြည့်မီရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။


ညှိနှိုင်းဆွေးပွဲတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုး က မြို့နယ်အတွင်း ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမှု လျာထားချက်ပြည့်မီရေးအတွက် တောင်သူများအား အသိပညာပေးစည်းရုံးဆောင်ရွက်ရန်၊ မျိုးကောင်းမျိုးသန့်၊ သွင်းအားစုများနှင့် သီးနှံစိုက်ပျိုးစရိတ်ချေးငွေ ဆိုင်ရာများ စသည့် စိုက်ပျိုးမှုအတွက် လိုအပ်သော အကူအညီများကို ဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြား ခဲ့ပြီး မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနများက ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)